ပင်လုံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာအကြောင်းအရာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ပလတ်စတစ်သုံးစွဲမှု​လျှော့ချရေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ကျောင်းသားလူငယ်များအနေဖြင့် ပလတ်စတစ်သုံးစွဲခြင်း၏ဆိုးကျိူးများ၊ ပလတ်စတစ်သုံးစွဲမှုလျော့နည်းအောင်ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ကျန်းမာရေးဆိုင်ရာပြဿနာများကို သိရှိစေခြင်းအကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကျောင်းသား/ကျောင်းသူလေးများထံမှ သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)