ရေတာရှည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က အမတ်ကြီးခုံကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြိုနယ် ပြည်သူ့ဆေးရုံအုပ်ကြီး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အမတ်ကြီးခုံ RHC အပိုင်နယ်မြေရှိ အမြန်လမ်း ဆြာချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် မိသားစုများအား ကျန်းမာရေးအသိပညာပေးခြင်း ၊ဆေးဝါးကုသမှုပေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေပေးခြင်း၊ DHF Control Activities နှင့် Chlorination Activities များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)