ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် Mobile Library စနစ်ဖြင့်စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ခိုလမ် ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ခလရ၆၆)ကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများ  မိမိတို့၏ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့်ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်ရေးနှင့် အဖက်ဖက်မှဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)