မအူပင်မြို့၌ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

မအူပင် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက် (၈) နာရီက ထနီးကျေးရွာအုပ်စုရှိ ထနီးချောင်းဘာဝရေပြင်အတွင်း ဆောင်ရွက်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများမှ ထနီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများအား ငါးမျိုးစိတ်များ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများစုပေါင်း၍ ထနီးချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ထနီးချောင်းအတွင်းသို့ ငါးခုံးမကြီကောင်ရေ ခုနှစ်သောင်းငါး‌ထောင်၊ ငါးမြစ်ချင်းကောင်ရေ တစ်သိန်း၊ ရွှေဝါငါးကြင်း ကောင်ရေ တစ်သိန်း၊ စုစုပေါင်းကောင်ရေ နှစ်သိန်းခုနှစ်သောင်း ငါးထောင်အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)