ချမ်းအေးသာစံ ဇွန် ၂၀
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၃၀)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ဆုရကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံး စာအုပ်များ၊ ခဲတံများ၊ ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်