ဘားအံမြို့ စုပေါင်းရုံး၌ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

ဘားအံမြို့နယ် စုပေါင်းရုံး၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ပူတာအိုမြို့ အ.လ.က-ခွဲ(ပန်းလှိုင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စာဖတ်သည့်အလေ့အထရရှိလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်(၂၀)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အ.လ.က-ခွဲ(ပန်းလှိုင်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

သထုံမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၈)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၈) ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲကို သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၌ ဇွန်လ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပရာ စာမေးပွဲ၏ ပထမနေ့အဖြစ် အနယ်နယ်အရပ်ရပ်မှ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဒေသခံတောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်  နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် ကျိုင်းတုံခရိုင်ဘဏ်ခွဲတွင် ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to