မြောင်းမြ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဥ်ယဥ်ဟန်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြောင်းမြခရိုင်တရားသူကြီး ဦးဝင်းနိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြအကျဥ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဥ်းထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်တွင်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူများ၊ အချုပ်သား၊ အချုပ်သူများနေထိုင်သည့်အဆောင်များ၊ စားဖိုဆောင်နှင့် ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ဥပဒေပါအခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မှုရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေအား ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဥ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)