ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

​ရွှေဘို ဇွန် ၂၀

ရာသီဥတု ညီညွတ်မျှတ​စေရန်၊​ အေးမြ​သော  အရိပ်အာဝါသ ရရှိ​စေရန်၊ သဘာဝဝန်းကျင်နှင့်​ဂေဟစနစ်ကို ထိန်းညှိနိုင်ရန်၊ သဘာဝ​ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ယ​နေ့နံနက် ၈ နာရီချိန်က ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်​မြေမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်နိုင်တို့က ​ရွှေဘိုတက္ကသိုလ်​ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့်​ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ခရိုင်ပညာ​ရေးမှူး၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တာဝန်ရှိသူ၊ ​ရွှေဘိုတက္ကသိုလ်မှ​ကျောင်းသား/သူ ကိုယ်စားလှယ်တစ်ဦးထံသို့၊ သစ်ပျိုးပင်များပေးအပ်ခဲ့သည်။

ထို့နောက် အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့

ဥက္ကဋ္ဌ ဦး​ကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သစ်​တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒု​ပါ​မောက္ခချုပ်ဆရာမကြီးများ၊ ပါ​မောက္ခ၊​ကထိက၊ မော်ကွန်းထိန်း၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ဝန်ထမ်းများ၊​ ကျောင်းသား​၊ ကျောင်းသူများ တက်​ရောက်ခဲ့ပြီး  ပျိုးသက် ၂ နှစ်သား အမြင့် ၂​ပေ အထက် ပိ​တောက်၊ ကံ​ကော်၊ ဆီသ​ပြေ၊​ ဖျောက်ဆိပ်၊ လင်းလွန်း၊ ခ​ရေ၊ သ​ပြေဘူတ၊ ဗန်ဒါ၊ မယ်ဇယ်၊ ​​မယ်ဇလီ၊ ရေတမာ၊ စိန်ပန်းနှင့် မျှင်ဝါး စုစုပေါင်းသစ်ပျိုးပင်(၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

​အေးမြင့်စန်း(ပြန်/ဆက်)