နတ်တလင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၉နာရီက ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.မ.က (ညောင်ကုန်း)ကျောင်းတွင် ဇွန်လ ၁၈ ရက်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္ဇမနေ့အဖြစ် ရူပဗေဒနှင့် သမိုင်းဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၀ ရက်နေ့တွင် စာမေးပွဲပဉ္ဇမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရေဦးမြို့ အ.ထ.က(၁)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျောင်းသားလူးငယ်များ မူးယစ်ဆေး၏အန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများကိုသိရှိပြီး မူးယစ်၏သားကောင်များ မဖြစ်ကြစေရန်နှင့် မူးယစ်ဆေး၏အန္တရာယ်ကင်းဝေစေရန် ရည်ရွယ်ပြီး ရေဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉:၃၀ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၂)နာရီအချိန်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများအား အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ဘိုကလေးမြို့နယ်တွင် အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်၌ အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ   မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် အမှတ်(၅)ရပ်ကွက်၊ ရေပူမီးပွိုင့် လမ်းဆုံတို့၌ ဆောင်ရွက်သည်။          

မြဝတီမြို့ မြို့ပညာရေးမှူးရုံး၌ Pfizer COVID-19 ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Pfizer COVID-19 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပညာရေးမှူးရုံး၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာမကြီးများအား ထိုးနှံပေးလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက်(၈)နာရီအချိန်က အပတ်စဥ်(၅) သူနာပြု- သားဖွား ဒီပလိုမာ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား အားသူနာပြုသင်တန်းကျောင်းရှိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက (အ.မ.က) ကန်ဖြူကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
Subscribe to