နတ်တလင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၉နာရီက ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်သူဇာဝင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နတ်တလင်းခရိုင် ဒုတိယခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းကိုက ကလေးအလုပ်သမားဆိုတာဘာလဲ၊ ကလေးများအရွယ်မတိုင်မီလုပ်ငန်းခွင်သို့ရောက်ရှိ သွားရသည့်အကြောင်းဟောပြောခြင်း၊ နတ်တလင်းခရိုင်ဥပဒေရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်ဖြူဖြူသန့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှ ကလေးသူငယ်များအတွက် ကာကွယ်ပေးသည့်အခွင့်အရေးများနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များနှင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း၊ စာပေစကားဝိုင်း၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများကျင်းပပေးခြင်း၊ စာအုပ်စာစောင်များ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)