မြဝတီမြို့ မြို့ပညာရေးမှူးရုံး၌ Pfizer COVID-19 ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေး

မြဝတီ     ဇွန်  ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Pfizer COVID-19 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပညာရေးမှူးရုံး၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာမကြီးများအား ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ကျန်းမာရေးဝန်ထမ်းများက ထက်/လယ်/မူ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာမကြီးများ တစ်ဦးချင်းစီ၏ အချက်အလက်များကိုကောက်ယူ၍ Pfizer COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါဖြစ်၍ ပြင်းထန်မှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့်အထက်ရှိ ဝန်ထမ်းနှင့်မိသားစုဝင်များ၊ သံဃာတော်များ၊ ဈေးသူဈေးသားများ၊ ထောင်သားများနှင့် ရပ်ကွက်နေပြည်သူများအား ဇူလိုင်လ ၁ ရက်နေ့မှစ၍ ထိုးနှံပေးခြင်းနှင့်ကျေးရွာနေပြည်သူများကိုလည်း Pfizer COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်/ပြန်ဆက်