ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ငါးကဏ္ဍဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင်ငါးကဏ္ဍကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါကဏ္ဍအတိုးရငွေ ၅၀ ရာခိုင်နှုန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နတ်တလင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်ခြင်းကို ဇွန်လ ၁၈ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြွန်တန်ဆာမြို့ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မှော်ဘီမြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေးနှင့် အလုပ်သမားများဥပဒေပါ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အလုပ်ခွင်မပျက် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မှော်ဘီမြို့နယ်ရှိ Su Yu Ei Co.,Ltd အထည်ချုပ်စက်ရုံ၊ Kido Yangon Co.,Ltd အထည်ချုပ်စက်ရုံ၊ Myanmar D System  Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့် Myanmar Sock Co.,Ltd ခြေအိတ်ချုပ်စက်ရုံများသို့ Mobile Training Bus ဖြင့် သွားရောက်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

ကဝမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန်လ ၁၈ ရက်နေ့နံနက်(၁၀)နာရီက ခြေခံပညာမူလတန်း(မူလွန်)အေးရွာသစ်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ပြည် သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီချိန်ကပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ/သမိုင်းဘာသာရပ် ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးကျောင်း-အလုံရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ/သမိုင်းဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့် ရှောက်မှုပေးထားမှုများ၊ စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာရေးကိရိယာများ အခက်အခဲမရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အဟာရဖြည့်အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင် ယနေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း၊ အမှိုက်ခွဲခြားစွန့်ပစ်ရေး၊ Online လိမ်လည်မှုနှင့် Mobile Phone အန္တရာယ်အကြောင်း၊ စားသုံးသူရေးရာများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရူ့အားပေးခဲ့ကြသည်။
Subscribe to