ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် သုတ/ ရသ စာအုပ်/ စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၅)နှင့် သူနာပြုသင်တန်းကျောင်းတွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်တွင်  ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းအစီစဉ်ဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို မြစ်သားမြို့နယ် ကူမဲမြို့ တောက်ပရစ်ဇာတ်ရုံဝန်းအတွင်း၌ ယနေ့ နံနက်(၇)နာရီမှစတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

တာချီလိတ်မြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ် တာချီလိတ် ဇွန် ၂၀ ကျော်ဇေယျာလင်း (ပြန်/ဆက်)

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာ စောင်ပြပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ဇွန် ၁၆ ရက်နေ့က အမှတ်(၂)အခြေခံပညာမူလတန်း​ကျောင်း (ကော့ခပုံ) ၌ ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ ဆွမ်းစားကျောင်းဆောင်သစ် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ၌ (၁၂၀ ၅၀) RC ၂ ထပ်ဆွမ်းစားကျောင်းဆောင်သစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၄ လုံးအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဇွန်လ ၁၄ ရက်‌နေ့က ရေတိုက်စား၍ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၄ လုံးအတွက် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇွန် (၂၆) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to