ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်

 

မြောင်းမြ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက်(၈)နာရီအချိန်က အပတ်စဥ်(၅) သူနာပြု- သားဖွား ဒီပလိုမာ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား အားသူနာပြုသင်တန်းကျောင်းရှိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်အစိုးရမှ လူသားရင်း​မြ​စ်အကျိူးပြု စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများအား နှစ်စဥ်မွေးထုတ်ပေးနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သားဖွားဒီပလိုမာသင်တန်းသား/သူများအားဂျူတီ

ကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းကိုဆောင်ရွက်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် မြောင်းမြပြည်သူ့ဆေးရုံမှ သူနာပြုအုပ် ဆရာမကြီးတို့မှ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပညာရည်ချွန်ဆုရရှိခဲ့သော သင်တန်းသား/သူများအား အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း (တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု​ ကြီးကြပ်ရေးအဖွဲ့နာယက)တို့က ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး မြောင်းမြသူနာပြုသင်တန်းကျောင်းအတွက် အလှူငွေများ ပေးအပ်ခဲ့သည်။ အခမ်းအနားအား သူနာပြုသစ္စာဓိဋ္ဌာန်(၈)ချက်အားရွတ်ဆို၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ  ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားတွင် သားဖွားဒီပလိုမာ သင်တန်းသား/သူ (၇၅) ဦးအားဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)