ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဆိပ်ဖြူ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဆိပ်ဖြူ(အ.ထ.က)ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က ကျောင်းသား/ကျောင်းသူလေးများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် အသိပညာပေးဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာများအားကျေးဇူးတင်စကားပြောကြားပေးသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်နေလင်းက ဓာတုဆေးဝါးများအန္တရာယ်နှင့် စားသုံးရန်မသင့်သည့်အကြောင်းအရာသိကောင်းစရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က မူးယစ်ဆေးဝါးအလွဲသုံးမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးအန္တရာယ်များနှင့်ရှောင်ကြဉ်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်ပိုစတာ၊ ဓာတ်ပုံနှင့် ပန်းချီပြပွဲနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးစာအုပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ပေးရာ ကျောင်းသား/ကျောင်းသူများက အသိပညာပေးလက်ကမ်းစာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်ပိုစတာ၊ ဓာတ်ပုံနှင့်ပန်းချီမှတ်တမ်းတို့ကိုကြည့်ရှု၍ သုတ/ရသစာပေများကို ဖတ်ရှုလေ့လာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)