ရွှေသောင်ယံမြို့တွင် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှုအသိပညာပေးသရုပ်ပြပွဲပြုလုပ်

ရွှေသောင်ယံ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ) စာသင်ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သရုပ်ပြဆောင်ရွက်ရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့တို့မှ ဦးဆောင်မှုဖြင့် အမှိုက်စို(Wet waste)၊ အမှိုက်ခြောက် (Dry waste)၊ ပလပ်စတစ်အမှိုက် (Plastic Waste) အန္တရာယ်ရှိအမှိုက် (Hazardous waste)ဟူ၍ (၄)မျိုးခွဲခြားထားပြီး အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် အမှိုက်ပုံးများကို အရောင်(၄)မျိုးခွဲခြားထားပုံတို့ကို ပြောကြားပြီး လက်တွေ့သရုပ်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်(၄)မျိုးသရုပ်ပြဆွေးနွေးရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)