ခရမ်းမြို့နယ်ဈေးကွက်အတွင်း Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်အတွင်းတွင် Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။