တောင်ကြီးမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား အဆင်ပြေချော့မွေ့မြန်ဆန်စွာဖြင့် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တောင်ကြီးမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ရုံးဖွင့်ချိန် နံနက်ပိုင်းမှစတင်၍ ပင်စင်လစာများအား အဆင်ပြေချော့မွေ့မြန်ဆန်စွာဖြင့် လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အသိပညာပေး (Talk Show) ကျင်းပ

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အသိပညာပေး (Talk Show) ကျင်းပ မဟာအောင်မြေ ဇွန်၂၅ အောင်ဇော်မင်း

လဲချားမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၉ နာရီ တွင်ဖြန့်ဝေခဲ့သည်။

ပျော်ဘွယ်မြို့ အ.ထ.က-၂ (ပန်းစုံ) တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၅) ရက် နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။

 မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါး (အစို) တင်း ၁၅၀ကျော် ထွက်ရှိ

မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်ငါးဧကရှိ ( GW-11) မျိူး နွေစပါးစံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး (အစို) ၁၅၃ ဒသမ ၁၂တင်း ထွက်ရှိကြောင်း သိရသည်။
Subscribe to