ဇလွန်မြို့မဈေးသစ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မဈေးသစ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့်မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီခွဲက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဉ္စမအကြိမ်မြောက် ချေးငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီမှ ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်ချေးငွေပေးအပ်သည့် အခမ်းအနားကို မေလ ၅ ရက်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၁၀−၄−၂၀၂၆)ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

(၁၀−၄−၂၀၂၆) ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ် ကွင်းဆင်း‌ဆေးကုသ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်ပြည်လုံးအံ့ ဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊ (အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့နက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ ထိန်းသိမ်းတတ်စေရန်နှင့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သီပေါမြို့နယ် ဘော်ကြိုကျေးရွာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး(Training of Trainers) သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ‌ ပေါ်ထွန်းလာစေရေးအတွက် (Training of Trainers)သင်တန်းကို မေ ၅ ရက် နံနက်ပိုင်း က ဘားအံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ဖွင့်လှစ်သည်။

တနိုင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်ပြည်သူများအား နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုကို ယမန်နေ့ နံနက်ပိုင်းက ကင်ဆားရာကောင်းရပ်ကွက်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁ / ၂၀၂၆ - ၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁ /၂၀၂၆ - ၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to