နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်ခဲ့သည့်လမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် သစ်တောလမ်း၌ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ရေကျော်ကာ တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိရေး စနစ်တကျရှင်းလင်းဖယ်ရှားရန်တို့ကို မှာကြားခဲ့သည်။