ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နွေစပါးမျိုးစေ့ထုတ် ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ အင်ဒိုင်းကျေးရွာတွင်စိုက်ပျိုးထားသော နွေစပါးမျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံသည်။