မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ် ကွင်းဆင်း‌ဆေးကုသ

မဟာအောင်မြေ မေ ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်ပြည်လုံးအံ့ ဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊ (အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့နက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းကုသပေးရာသို့ အထက်မြန်မာပြည်တီဘီရောဂါကုသရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ထွန်းနှင့် မဟာအောင်မြေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းမျာက ရက် ၁၀၀ စီမံချက်တွင်ပါဝင်သည့် တီဘီရောဂါရှာဖွေဖော်ထုတ်ရေးနှင့် NCD Clinnic ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ရာ တီဘီရောဂါရှာဖွေ ကုသသူပြည်သူ ၁၄၄ ဦးနှင့် TPT တိုက်ကျွေးသူ ၁၄ ဦး၊တီဘီ​ရောဂါရှာဖွေတွေ့ရှိသူ ၉ ဦးတို့အား အထူးကြပ်မတ်ကုသပေးခဲ့ကြောင်းသိရပြီး မဟာအောင်မြေမြို့နယ်တွင် မေ ၈ ရက်အထိ စုရပ်များဖွဲ့၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇော်မင်း