တိုက်ကြီးမြို့နယ်၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးရောင်းချပေးသည့် ဓာတ်မြေဩဇာဖိုးငွေများ သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ကောက်ခံရေးနှင့် ဧက ၅၀ လျှင် မျိုးစေ့ချကိရိယာတစ်လက်နှုန်း ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်၊ ချုပ်ချက်ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု၊ ချုပ်ချက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့‎ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန် ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်)၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ချီးမြှင့်သည်။

ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က   မြို့နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် အခြေခံစားကုန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးလိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအခြေခံစား သောက်ကုန်များဝယ်ယူစားသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချသောအခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိကို ယနေ့နံနက်ကဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလိုက်လံ စစ်ဆေးနေကြကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများ ‌ရေဝင်နစ်မြုပ်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရန်းပြုတ်ထွက်မှုနှင့် သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေကျဆင်းမှုတို့အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများအတွင်းသို့ ရေဝင်နစ်မြုပ်မှု၊ လယ်မြေများ ရေဝင်ရောက်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရမ်းပြုတ်ထွက်မှုနှင့် တံတားကြမ်းခင်းပျက်စီးမှုအခြေအနေ၊ သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေများကျဆင်းမှုအခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to