သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပ

သီပေါ မေ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ ထိန်းသိမ်းတတ်စေရန်နှင့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သီပေါမြို့နယ် ဘော်ကြိုကျေးရွာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ နယ်မြေတာဝန်ခံတောအုပ်ကြီး ဦးအေးမင်းသူ  ကသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ရာ ဒေသခံပြည်သူ(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း၊ အလားတူ စံဖိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မေ ၆ ရက် နံနက်၁၁နာရီခွဲက အသိပညာပေး ဟောပြောပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူ(၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)