မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ(၇)ရက် နံနက်(၉)နာရီခွဲက  ကလွင်ကျေးရွာအုပ်စု၊ ချောင်းတခင်းကျေးရွာတွင် ကျင်းပသည်။

မြင်းခြံမြို့၌ အခြေခံမွေးမြူရေး အသိပညာပေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူများအတွက် အခြေခံမွေးမြူရေး အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေမူကြမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ် - ၁ (Yangon Region Hluttaw Capacity Building Programme - 1) ၏ ဥပဒေမူကြမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ (Legal Drafting. Workshop) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ ပုလဲခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌သဘာဝပိုးသတ်ဆေးဖျော်စပ်ခြင်းနှင့် ဓါတုပိုးသတ်ဆေးဖျော်စပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းပို့ချ

တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝပိုးသတ်ဆေးဖျော်စပ်ခြင်းနှင့် ဓါတုပိုးသတ်ဆေးဖျော်စပ်သုံးစွဲ ခြင်း နည်းပညာပေးသင်တန်းကိုယနေ့နံနက် ၉ နာရီ က ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အားအင်သစ် ယူရီယားဓာတ်မြေသြဇာစုပေါင်းဖြန့်ဖြူးရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အားအင်သစ် ယူရီယားဓာတ်မြေသြဇာစုပေါင်းဖြန့်ဖြူရောင်းချပေးခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပသည်။

သံတောင်ကြီးမြို့နယ်တွင်မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်   မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ ဘက်စုံသုံးခန်းမကြီး  သန့်ရှင်းလှပစေရေးနှင့် အနော်ရထာနှစ်လမ်းသွားလမ်းမကြီး လမ်းလယ်ကျွန်းသာယာလှပစေရေး ဆောင်ရွက်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားနီ လမ်းဆုံအနီး ဆောက်လုပ်ထားသည့် ဘက်စုံသုံးခန်းမကြီး သန့်ရှင်းသာယာလှပစေရေး နှင့်အပြင်ဘက်ကားဝင်/ကားထွက်နေရာများ စိမ်းလန်းစိုပြည်လှပနေစေရေးအတွက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ မေ ၇ ရက်နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။

နွားထိုးကြီးမြို့နယ်၌ စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၆ ရက်  နံနက် ၁၀  နာရီတွင်ကျင်းပသည်။

ဒဂုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အ-ထ-က၊ရေဖြူကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အ-ထ-က၊ရေဖြူကျောင်းခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်မှ ညနေအထိ ရေဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to