ပုဗ္ဗသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်နေရာများတွင် ရေဝင်ရောက်များ ဖြစ်ပေါ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်းရှိ မြေနိမ့်ရာနေများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိမြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံ ပညာမူလွန်(အရှေ့စု)ကျောင်း ကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း ဘေလီတံတားတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နားလုံရွာထွက် (နမ့်ရ)ချောင်းကူးဘေလီတံတား(၆၀)ပေ ဆောင်ရွက်နေမှုမြေပြင်အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများနှင့် တဆင့်ခံပြန်လည်ရောင်းချသူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် သုဝဏ္ဏစစ်ကိုင်းစာသင်တိုက်ဝန်းအတွင်း ယနေ့နံနက်ပိုင်းအချိန်က (၂၄) ရပ်ကွက်၊ ရပ်ကွက်နေပြည်သူများအား သင်္ဃန်းကျွန်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "လူငယ်နှင့်စာရိတ္တ"အသိပညာပေး Talk Show ဆောင်ရွက်

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "လူငယ်နှင့်စာရိတ္တ"အသိပညာပေး Talk Show ဆောင်ရွက် ပျဉ်းမနား စက်တင်ဘာ ၂၄ မြို့နယ် (ပြန်/ဆက်)

မကွေးမြို့၌ (၆၁)နှစ်မြာက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မ‌‌ကွေးမြို့ ပုညဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်း နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရာက်ကြသည်။
Subscribe to