မဟာအောင်မြေ မေ ၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းကစ၍ မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ကျောင်းသား/သူများနှင့်ပြည်သူများအား မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးကောင်းမြတ်ကျော်နှင့် ဝန်ထမ်းများက မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် (၁၀) နှစ်နှင့် အသက်(၁၈)နှစ်ကြား ကိုင်ဆောင် လက်မှတ်မရှိသူများနှင့် အသက်(၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူများအား လိုအပ်သောစာရွက်စာတမ်းများ၊ အထောက်အထားများစစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်များကို နေ့ချင်းပြီး (အခမဲ့)ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း