လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

လသာ မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ရခြင်းဟာ လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်စေရန် စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဟောပြောပွဲကို ကျင်းပရာ လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယဆု၊ အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းခန်းမတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်ပြပွဲများ၊ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး၊ အမျိုးသမီးအကြမ်းဖတ်မှုပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)