ရန်ကင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ PM 2.5 နှင့် PM-10 အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ PM 2.5 နှင့် PM-10 အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့​သည်။

ခန္တီးမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်(၁၀၀)ကောင်နှင့် ကြက်(၇၅၀)ကောင် ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှဇွန်လအထိရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်အဖြစ် ဌာနရန်ပုံငွေ(၆၆.၂၅)ကျပ်သန်းဖြင့် ဝက်(၁၀၀) ကောင်နှင့် ကြက်(၇၅၀) ကောင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ သာစည်ရပ်၊ တောင်သူ ဦးမျိုးမင်းကျော့၏ မွေးမြူရေးခြံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်တွင် ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့နံနက် (၇:၄၅) နာရီအချိန်က မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။

သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  ငှက်ဖျင်းကုန်းကျေးရွာအုပ်စု၊ ငှက်ဖျင်းကုန်းကျေးရွာတွင် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် မေ ၇ ရက်နံနက် ၈ နာရီက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အမရပူရမြို့နယ်၌ ကေတီဗီနှင့် စင်တင်တေးဂီတဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်ကမ်းချက်များ ချပြရှင်းလင်း

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မေ ၆ ရက် မွန်းလွဲ ၂ နာရီက အမရပူရမြို့နယ်အတွင်းရှိ ကေတီဗီနှင့် စင်တင်တေးဂီတဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့်စည်ကမ်းချက်များ ချပြရှင်းလင်းခြင်းအခမ်းအနားကို ပြုလုပ်သည်။

ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းဟောပြောပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၄) ရပ်ကွက် ဓမ္မာရုံ၌ မြို့နယ်ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကွင်းဆင်းဟောပြောရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် “လောကဥသျှောင်ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် “လောကဥသျှောင် ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်က ဦးနုချောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။
Subscribe to