ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ  နေရပ်စွန့်ခွာတိမ်းရှောင်၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ် တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီ လီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့  ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈) ဘီလီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ၌ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် မင်းလှမြို့နယ် ကိုယ်စားပြုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် မင်းလှမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၉၂၄၇၈ ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ၉၂၄၇၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့၌ World Rabies Day အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၁၉)ကြိမ်မြောက် World Rabies Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းယောင်း)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦအေးကိုနှင့် အဖွဲ့ဝင်များ နိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နမ့်စန်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း-ခွဲ (လေတပ်)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း-ခွဲ (လေတပ်) တွင် ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း က‌လောမြို့နယ်၊‌ ဇောတိကျေးရွာ၌ ဒေသဆိတ်ထီး (၅)ကောင်၊ ဆိတ်မ(၅ဝ)ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာတွင် ၂ဝ၂၅-၂ဝ၂၆ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဆိတ်ထီး (၅)ကောင်၊ ဆိတ်မ (၅ဝ) ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇောတိကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကလောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။
Subscribe to