ဒဂုံတောင် မေ ၇
အမျိုးသမီးများတွင် ဖြစ်ပွားမှုမြင့်မားနေသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ဓမ္မရုံ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အခမဲ့ထိုးနှံပေးကြောင်း သိရသည်။
ရှေးဦးစွာ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး လာရောက်ထုံးနှံသူပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က သားအိမ်ခေါင်းကင်ဆာက ကာကွယ်လို့ရတဲ့ရောဂါဖြစ်တဲ့အတွက် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးဖို့အရေးကြီးကြောင်း အခုလို "နိုင်ငံတော်မှ အခမဲ့စီစဉ်ပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်အလိုက် လာရောက်ထိုးနှံပေးတဲ့အတွက် အခွင့်အရေးကို မလွတ်တမ်း မပျက်မကွက် လာရောက်ထိုးနှံသွားကြရန် တိုက်တွန်းကြောင်းပြောကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းက ကာကွယ်ဆေးထိုးရမည့်အသက်အရွယ်နှင့်အကျိုးကျေးဇူးများအား ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ထိုးနှံပေးကြောင်း သိရသည်။
နေမျိုးအောင် - ဒဂုံတောင် (ပြန်/ဆက် )