စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း မြို့သစ်မြို့ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မြို့သစ် မေ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မင်းရပ်ကွက်ရှိ (အောင်နိုင်တိုး)နွေစပါးစံပြကွက်သို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နွေစပါးစိုက်ခင်း ဆောင်ရွက်ထားရှိခြင်းနှင့် ပတ်သက်၍ မြေပုံဗီနိုင်းကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး နွေစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နွေစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် စိုက်ခင်းအရောက်ရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)