ဒဂုံအရှေ့ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းတွင် ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက သူနာပြုနှင့် သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၄)ကျောင်းသား/သူများအား သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား/သူများအား သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းအပ်နှင်းခဲ့ပြီး ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများကို ဆုချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ သိပ္ပကျော်စွာ ဒေါ်နွဲ့နွဲ့ခင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါ်ရင်မြနှင့် အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီး ဒေါ်မော်မော်ဝင်းနှင့် သင်ကြားရေး ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ