တာချီလိတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်အသင်းတို့ ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားခဲ့ရာ ပုန်းထွန်ရပ်ကွက်အသင်းမှ ရန်အောင်မြေရပ်ကွက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရက်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၂၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)