ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ဈေးလုံခြုံရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့မဈေးကြီးသို့သွားရောက်ပြီး ဈေးရောင်းဈေးဝယ်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။