ဒေးဒရဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေး ရည်ရွယ်၍မြို့နယ်နိုင်ငံ့စီးပွားမြှင့် တင်ရေးကြီးကြပ်မှုကော်တီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုများ၊ ရပ်ကျေးစာရေး ဝန်ထမ်းများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြမည့် လုပ်ငန်းရှင်များ ညှိနှိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများက တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများနှင့် မျိုးစပါးများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသညွ်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင်က မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား စပါးအထွက်နှုန်းပိုမိုတိုးတက်စေရေး ဆောင်ရွက်ထားရမည့် စိုက်ပျိုးနည်းစနစ်များ၊ ပိုမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တင်ပြလာသည့် စိုက်ပျိုးရေးလိုအပ်ချက် များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဒေးဒရဲမြို့နယ်တွင် မိုးစပါးလျာထားစိုက်ဧက (၁၇၄၉၃၀) ဧကတွင် မိုးစပါးများ စတင်စိုက်ပျိုးလျက်ရှိရာ စပါးအထွက်နှုန်းပိုမိုတိုးတက်ရရှိစေရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်များအား ကျေးရွာအုပ်စုများအရောက် ကွင်းဆင်း၍အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း