လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် အသိပညာပေးဟောပြောပွဲကို ယနေ့ နံ​နက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးကအမှာကားပြောကြားခဲ့ပြီ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေး‌က ကျောင်းသား၊ ​ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း​ပြောကြားပြီး မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးများ၊ လူကုန်ကူးခံရမှုအန္တရာယ်များပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)