စလင်း ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဥ်များ မရှိစေရေးရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီ (၃၀) အချိန်က မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများ Quick Win အစီအမံ(၅)ရပ်အား တိကျစွာလိုက်နာဆောင်ရွက်မှုရှိစေရန် ရှောင်တခင်စစ်ဆေးခြင်းအား ပေါင်းနားရပ်ကွက်မီးပွိုင့်လမ်းဆုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ယာဥ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများက မြို့နယ်အတွင်း ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယာဥ်မောင်းသူများလိုက်နာရမည့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်တွင် ပါဝင်သည့်အချက်များ မော်တော်ယာဥ်များအတွက် သတ်မှတ်ဧရိယာအတွင်းမောင်းနှင်းရမည့် မိုင်နှုန်းများကိုရှင်းလင်းပြောကြား၍ စည်းကမ်းချက်များနှင့်အညီ မလိုက်နာသူများအား ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လွင်(စလင်း)