ကျိုက်ထိုမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်ထို ဇူလိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ၊ သုတသိင်္ဂီစာကြည့်တိုက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်ကိုပုံမှန်ဖွင့်လှစ်ရေး၊ စာအုပ်စာစောင်များ တိုးပွားအောင်ဆောင်ရွက်ရေး၊ ရန်ပုံငွေထူထောင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရေး၊ စိတ်ပါဝင်စားသည့် စာကြည့်တိုက်ကော်မတီဝင်များ ပူးပေါင်းပါဝင်လာစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)