ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး နံရံကပ်ပြဘုတ်တွင် ယနေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါနံရံကပ်ပြဘုတ်တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ လိုက်နာရန်အချက်များ၊ ရှောင်ကြဥ်ရန်အချက်များ၊ လိုက်နာရမည့်နည်းလမ်းများနှင့် မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို ပြသထားရှိရာ မြို့နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများတို့က စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)