မိုးနဲ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/သူလေးများအနေဖြင့် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်း၊ ဗဟုသုတအသစ်များ ရရှိစေခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း စာငှား၊ စာဖတ်သူ ဦးရေတိုးပွားလာခြင်း၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာဖတ်ရှိန်မြှင့်မားစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်တွင်လည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကွင်းဆင်းလဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်အနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို