မိုင်းရယ်၌ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းရယ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့ပေါ်ဘုန်း‌တော်ကြီး ကျောင်းတိုက်(၇)ကျောင်းမှ ကျောင်းထိုင်ဆရာတော် (၇)ပါး အပါအဝင် ဆရာ‌တော် သံဃာတော်(၂၆)ပါး၊ အမှတ်(၃၅၀) အမြောက်တပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္ဒဦးဇာဂရထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်တရားတော်ကို ရွတ်ပွားချီးမြှင့်တော်မူသည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် အလှူရှင်ဒါယကာ၊ ဒါယိကာမများက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာ‌တော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဒဇာဂရထံမှ အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

မြို့နယ်(ပြန်/ဆက်)