မန်ကန် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့ မြို့မဘုန်းကြီးကျောင်းတွင် (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးဌာနဆိုင်ရာများနှင့် ဒေသခံအလှူရှင်များ တက်ရောက်၍ ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်သူဦးရေ (၇၀)ဦးခန့်ရှိပြီး ဆက်ကပ်လှူဒါန်းသော လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေစုစုပေါင်း(၄၃၁၉၀၀၀) (ကျပ်လေးဆယ့်သုံးသိန်းတစ်သောင်းကိုးထောင်) တိတိဖြစ်ပါကြောင်းနှင့် တရားတော်များနာယူခဲ့ကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
မွန်မွန်စိုး(မန်ကန်၊ ပြန်/ဆက်)