ပြင်ဦးလွင် ဇူလိုင် ၁၀
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် ယနေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၈၂၀) ပါးတို့အား စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဝါဆိုလပြည့်နေ့တွင် ဦးခန္တီဘုရားဝင်းအတွင်း၌ ပြင်ဦးလွင်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာ (၈၂၀) ပါးတို့အား တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းများ လောင်းလှူခဲ့ကြသည်။
အဆိုပါ စုပေါင်းဆွမ်းလောင်းလှူပွဲကို ဝါတွင်းကာလ လပြည့်/လကွယ်နေ့တိုင်း နံနက် (၆:၃၀) နာရီမှစ၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ဦးခန္တီဘုရားဝင်းအတွင်း၌ ဆွမ်းလောင်းလှူပူဇော်သွားမည်ဖြစ်ပါသဖြင့် အလှူရှင်များအနေ့ဖြင့် မိမိတို့ကိုယ်တိုင်လာရောက်ပြီး ပစ္စည်း (၄) ပါး ပါဝင်လောင်းလှူဒါန်းနိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)