ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ဖောင်းပြင် ဇူလိုင် ၁၀     

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၈)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က"ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတများကို ရှာမီဖို့လိုကြောင်း၊ အသိပညာတိုးပွားစေမည့် စာအုပ်၊ စာပေများကို ဖတ်ရှုမှသာ အမှားအမှန်ဝေဖန်နိုင်မှာဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ သိကောင်းစရာများနှင့် ယာဉ်စီးကမ်းလမ်းစီးကမ်းများအကြောင်းကို ဟောပြောကာ ၀န်ထမ်းများက ပုံ‌‌ပြောခြင်းများ ဆောင်ရွက်သည်။

ထို့နောက် ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းများ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်သူများက စိတ်၀င်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)