သာပေါင်းမြို့နယ်တွင် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိ

သာပေါင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့သည် ဗုဒ္ဒဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်းခြင်း၊ တရားဘာဝနာများပွားများ အားထုတ်ခြင်း၊ ဝတ်ရွတ်အသင်းများက ပရိတ်တရားများရွတ်ဖတ်ပူ‌ဇော် ကုသိုလ်ကောင်းမှုပြုကြလျက်ရှိ‌ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း (ပြန်/ဆက်)