ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်းရတနာ အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်းရတနာ အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၀

သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ကြီးအမှူးပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တပည့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယမန်နေ့က ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ဆောက်လုပ်မည့်မြေနေရာတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဦးဆောင်တော်မူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ “ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ” ကို ဖွင့်လှစ်ပေးခဲ့ကြပြီး သဲဖြူ နှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာဆရာတော်ကြီးက ပတ္တမြားရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ မြတ်မော်တင်ဆရာတော်က သန္တာရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စိန်ရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ ပမ္ပဝတီရေတပ်ဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များက ရတနာအုတ်မြစ်တော်အသီးသီးတွင် လည်းကောင်း ချီးမြှင့်စီတင်ပေးခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

ကျော်ဟိန်း (ပြန်/ဆက်)