ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ယာယီရုံးခန်းဖွင့်လှစ်ပွဲကျင်းပ

ဓနုဖြူ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ယာယီရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက မြို့မရဲစခန်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းအဖွဲ့၊ တိုင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူးကြီး စိုးဝင်း(ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ယာယီရုံးခန်းနှင့် ရဲဓမ္မာရုံဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ရဲမှူးကြီး စိုးဝင်း(ငြိမ်း)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ယာယီရုံးခန်းဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်း၍ ဖွင့်လှစ်ကာ စုပေါင်းအမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်း​ဒေသကြီးတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းအဖွဲ့၊ တိုင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရဲမှူးကြီး စိုးဝင်း(ငြိမ်း)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)