တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ကော့သောင်းမြို့၌ ပညာရေးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် ကော့သောင်းခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ဆောင်ရွက်သည်။