နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာ ‘သုတ’စာကြည့်တိုက် ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ ‘သုတ’ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲတွင် အဆိုပါစာကြည့်တိုက်သို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် ကျိုက်ထို ဇူလိုင် ၁၆ ပြည့်ဖြိုး (ကျိုက်ထို)

နမ့်စန်မြို့ အ.ထ.က(မိုင်းစိတ်)တွင် အသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့အသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့အသိပညာပေး Talk Show ဆောင်ရွက် ဒဂုံမြောက် ဇူလိုင် ၁၆ ဒေါ် နေခြည်ကျော်၊ ငယ်ရေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက်

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင်ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ညောင်ဦးမြို့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ရောက်ရှိနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

စေတနာရှင်၊အလှူရှင်များ စုပေါင်း၍ အဘိုး၊အဘွားများအား ဆန်၊ ဆီနှင့် ပဲများလှူဒါန်း

မန္တလေး၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ကြီးမှူး၍ မြန်မာပြည်ဖွားတရုတ် မျိုးနွယ်စုများနှင့် စေတနာရှင်၊အလှူရှင်များစုပေါင်း၍ ချမ်းမြသုခဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများနှင့်လူမှုကူညီရေးအသင်းမှ စေတနာ့ ဝန်ထမ်းအသင်းဝင်များအား ဆန်၊ ဆီနှင့် ပဲများထောက်ပံ့လှူဒါန်းပွဲကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ရှိ ချမ်းမြသုခ လူမှုကူညီရေးအသင်းတွင် ယနေ့ နံနက် ၁၀နာရီက ကျင်းပသည်။

ဘားအံမြို့၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇုန်(၄)ဇုန်ခွဲ၍  အုပ်စုပွဲစဉ်များ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီက အုပ်စု(ဂ)ဘားအံဇုန် စတုတ္ထမြောက်အုပ်စုပွဲစဉ်အဖြစ် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်  အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to