ကျွန်းလှ ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဖူဆယ်လောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်းက ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးအတွက် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ သက်တမ်းအလိုက် အားကစားပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ရွက်ပုံးသီးအားကစားသမားများပေါ်ထွက်လာမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်ကြပြီး မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းက ကွင်းအတွင်းဘောလုံးကန်ဖွင့်လှစ်ပေးသည်။အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်း (၂၅)သင်း အားကစားသမား(၃၀၀)ဦးဖြင့် ဇူလိုင် ၅ ရက်ကစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို