ဒဂုံတောင် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံ သက်တမ်းတိုးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး FDA မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝေယံမြင့်ထူး၊ ဦးစီးအရာရှိ ဒေါ်ခိုင်သင်းဦးနှင့်အဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က (၆၃) ရပ်ကွက်၊ စက်မှုဇုန်(၂)၊ ဧရာဝတီလမ်းရှိ Chococity ချောကလက်စက်ရုံ သက်တမ်းတိုးနိုင်ရေးအတွက် ထုတ်လုပ်သည့်ပစ္စည်းများ၏ ထားသိုမှု၊ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သန်းသန်းအေး